ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ အကြမ်းဖက် သမားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ရွာငံနဲ့ပင်းတယမြို့နယ်တွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတစ်လျှောက် လက်နက်ကိုင် ပဋိပက္ခတွေမရှိပဲ တည်ငြိမ်အေးချမ်း သာယာလှပတဲ့ မြို့ရွာတွေဖြစ်ပြီး ဒေသခံဓနုတိုင်းရင်းသား တွေကလည်း ရိုးသားပွင့်လင်း စိတ်ထားဖြူစင် အေးချမ်းတည်ငြိမ်တဲ့ တိုင်းရင်းသားအများစုဖြစ်ကြပါတယ်။

အဲ့ဒီ့နယ်မြေဟာ NLD အစိုးရလက်ထက်မှာ အစွန်းရောက် NLD ထောက်ခံသူတွေ အားကောင်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအပြောင်းအလဲမှာ ဒေသခံအချို့ဟာ သမိုင်းအစဉ်အလာမရှိခဲ့တဲ့ အစိုးရကို ပုန်ကန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ဖော်ဆောင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ၂၀၂၁၊ ၂၀၂၂ ကာလများအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ဆိုတဲ့ အဖွဲ့တစ်ဖွဲ ပေါ်ပေါက်လာပြီး အကြမ်းဖက်အားပေး NUG အဖွဲ့နဲ့ ချိတ်ဆက်ကာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင်လာခဲ့ပါတယ်…

ဒါပေမယ့်လည်း တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ဒေသခံအများစုဟာ DPLA အဖွဲ့ကို မထောက်ခံသလို NUG နဲ့ အစွန်းရောက် NLD အဖွဲ့ဝင်တွေကိုလည်း အားမပေးတဲ့အတွက် ၂၀၂၃ ခုနှစ်အတွင်းမှာတော့ DPLA အဖွဲ့ဟာ အင်အားချိနဲ့ပြီး တိုက်ပွဲတွေ မဖော်ဆောင်နိုင်သလို အဖွဲ့ဝင်တွေလည်း မကြာခဏ ဖမ်း ဆီးခံနေရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာဝန်သိပြည်သူတစ်ဦးရဲ့ သတင်းပေးချက်အရ TNLA နယ်မြေမှာ စစ်သင်တန်းသွားရောက်တက်မယ့် DPLA အဖွဲ့ဝင် ကျား ၁၃ ဦး၊ မ ၄ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး သူတိုရဲ့ စစ်ကြောချက်များအရ ဘော်ဆိုင်းမြို၊ ရွှေကုန်းသာဘုန်းကြီးကျောင်းမှာ ခိုအောင်းနေတဲ့ DPLA အကြမ်းဖက်သမားများကို သွားရောက်ဖမ်းဆီးခဲ့ရာမှာ အကြမ်းဖက်သမား ၁၀ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်သမားတွေ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

ဘုန်းကြီးကျောင်းအတွင်းကို အသေးစိတ်ရှာဖွေရှင်းလင်းခဲ့ရာ ဂိုထောင်တစ်ခုအတွင်းက ဆာလာအိတ်များဖြင့် ဖုန်းကွယ်ထားတဲ့ Type-81 ၄ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၅၆၀ တောင့်၊ Remote ၂ ခု၊ Booster ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးတိုကို သိမ်းဆည်း ရမိခဲ့ပါတယ်။

သတင်းဆက်လက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပင်းတယမြို့နယ်၊ ထိုးပုံကျေးရွာက အမျိုးသမီးတစ်ဦးကို Type-81 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်နဲ့အတူ ထပ်မံဖမ်းဆီးရခဲ့ပါတယ်။

အခုလို ဖမ်းဆီးရမိခြင်းဟာ မိမိမြိုရွာ၊ မိမိနယ်မြေအတွင်း NUG၊ PDF ၊ တိုင်းရင်းသားအမည်ခံ အကြမ်းဖက်သမားများနဲ့ အစွန်းရောက် နီပိန်းတွေကို လုံးဝလက်မခံချင်တဲ့ တာဝန်သိပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်မယ်ထင်ပါတယ်။ #Crd