မြောက်ဦးမြို့ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော အိမ်ထောင်စု ၂၄၆စုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဩဂုတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း မြေနိမ့်ပိုင်း ရေဝင်ရောက်မှုဖြစ်ပေါ်ရာနေရာများမှ အိမ်ထောင်စု ၂၄၆ စု ကျား(၅၉၆)ဦး၊ မ(၆၁၃)ဦး၊ စုစုပေါင်း(၁၂၀၉)ဦးတို့အား မြောက်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြောင်းသိရပါတယ်။