မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺ကျေနပ်ဖို့ ဖြေတတ်ပါစေ🌺

မကျေနပ်တာဟာ
စိတ်ထဲမှာ မဖြေတတ်ကြလို့ပါ ။

စိတ်ဆန္ဒချင်း မတူညီတဲ့အခါ
နားလည်ပေးကြဖို့ လိုပါတယ် ။

ကိုယ့်အလိုကျချင်တယ်ဆိုရင်
ကိုယ့်ဘက်ကိုပဲ ကြည့်လို့မရပါဘူး
သူများစိတ်ကိုပါ နားလည်နိုင်ပါစေ ။

သူမှကိုယ်မဟုတ်ပဲလေဆိုရင်
ကိုယ့်စိတ်ဟာ နေတတ်ပါတယ် ။

သူများစိတ်ကို ကိုယ်မပိုင်တာသိရင်
ကိုယ့်ဘ၀ဟာ နေသာပါတယ် ။

မတူတာတွေကို တူချင်ရင်
ကိုယ့်စိတ်ပဲ ပင်ပန်းဆင်းရဲတတ်လို့
မတူတာကို လက်ခံနားလည်ပါ ။

အလိုကျချင် ဖြစ်ချင်နေတဲ့
ကိုယ့်အတ္တလေးကို လျှော့လိုက်ရင်
အဆင်ပြေ ချမ်းသာရမှာဖြစ်လို့

စိတ်ထဲ မကောင်းနေကြမယ့်အစား
ကိုယ့်စိတ်ထားလေး မနွမ်းစေဖို့
နားလည်ပေးရင်း ရင့်ကျက်နိုင်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏