လူမှုကွန်ယက်ပေါ်က အကြမ်းဖက်အားပေးမီဒီယာများ၏ သတင်းတု/သတင်းမှားများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ–

• ဖေဇော်ဝါရီလ ၁၃ ရက်နေ့၌ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရှိ ပြည်သူ့စစ်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်နှစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး ရွာသား ၁ ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာရရှိကာ ရွာသား ၅ ဦးအား PDF အဖွဲ့များက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ Mizzima မှ ရွာသားတွေ ဖမ်းဆီးခံရခြင်းကို အမှန်အတိုင်းမရေးဘဲ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၄ ရက်နေ့၌ ဂန့်ဂေါမြို့နယ်၊ ရွေဘိုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ PDF ၇ လောင်း၊ သေနတ် ၇ လက်၊ စိန်ပြောင်း ၁ လက်၊ ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးနှင့် လက်လုပ်မိုင်း ၁ လုံးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းများနှင့်အတူသိမ်းဆည်းရမိခြင်းကို Mizzima နှင့် Khit Thit တို့မှ ဗြောင်လိမ်ကာ ပြည်သူ ၁၀ ဦးပစ်သတ်ခံရတယ်ဆိုပြီး သိက္ခာမဲ့စွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၄ ရက်နေ့၌ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောင်စံပြကျေးရွာအုပ်စုရှိ အမေဆယ်တော်ကျေးရွာနှင့် တမုတ်စိုးကျေးရွာတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးခြင်းမရှိသော်လည်း Khit Thit မှ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်မှာ ကြောက်လန့်သဖြင့် အများပြည်သူများ အားပေးထောက်ခံမှု အားနည်းလာစေရန် ဖြစ်စဉ်မရှိဘဲ အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၄ ရက်နေ့၌ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ဘဲပြာရွာကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးခြင်းမရှိသော်လည်း Khit Thit မှ ကောလာဟလသတင်းများရေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အများပြည်သူများ အားပေးထောက်ခံမှု အားနည်းလာစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၃ ရက်နေ့၌ ရွှေဘိုမြို့နယ်၊ ရွာသာရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စကစတပ်ဖွဲ့ဝင် ၂ ဦးသာ ဒဏ်ရာအနည်းငယ်ရရှိခြင်းကို Khit Thit မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၁ ရက်နေ့၌ အရာတော် မြို့မရဲစခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်၁ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၃ ရက်နေ့၌ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်တာမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၃ ဦး ဒဏ်ရာရတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၄ ရက်နေ့၌ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာနှင့် ချီပါမြောက်ရွာတို့တွင် နယ်မြေလုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးခြင်းမရှိသော်လည်း Khit Thit မှ အများပြည်သူများ မုန်းတီးလာစေရန် ရည်ရွယ်ချက်ဖြင့် အပုတ်ချကာ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၁ ရက်နေ့၌ အရာတော် မြို့မရဲစခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ စကစတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၃ ရက်နေ့၌ မြင်းခြံမြို့နယ်၊ ကုကဲကျေးရွာအနီးရှိ ကုကဲရဲစခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ခြင်းမရှိခဲ့သော်လည်း မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၂ ရက်နေ့၌ သန်လျင်မြို့နယ်၊ ငွေသန်းဝင်းရပ်ကွက်၊ ဘုရားကုန်းအနီးတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်ပြီး ရပ်ကွက်အတွင်းမှ လူငယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း RFA မှ ကောလာဟလသတင်းများရေးကာ အများပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပုတ်ချရေးသားထားခြင်းဖြစ်ပါတယ်။

• ဖေဇော်ဝါရီလ ၁၃ ရက်နေ့၌ မြိုင်မြို့နယ်၊ သံပရာခြံကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Ayeyarwaddy Times မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံးတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းဖြစ်ပါတယ်။

FACT-CHECK