တုံးတဲ့သူက တုံးလို့ ဘုန်းတဲ့သူက ဆက်ဘုန်းနေတဲ့ နွေရူးတော်လှန်ရေး

အကြမ်းဖက် PDF တွေ၏ တော်လှန်ရေးကာလတစ်လျောက် လက်နက်ကိုင်လို့ တောထဲဝင်သူကဝင် ..ထောက်ပို့အမည်ခံပြီး လေလှိုင်းပေါ်က ပါးစပ်စိုက်အလှူခံသူတွေကလည်း အလှူခံပြီးတော်လှန်လာလိုက်တာ တောထဲဝင်သွားတဲ့သူတွေက တောထဲတောင်ထဲ အငတ်ငတ်အပြတ်ပြတ်နေရသလို လူမသိ သူမသိ သေနေကြပြီ..တစ်ချို့ဆို ဒုက္ခိတတွေဖြစ်လို့ တစ်သက်လုံးအတွက် နောင်တတွေရနေကြသူတွေနဲ့…

တစ်ဖက်ကလေလှိုင်းပေါ်က ပါးစပ်စိုက်အလှူခံတဲ့သူတွေကတော့ နိုင်ငံခြားတွေ အိမ်တွေပိုင်….စတိုးဆိုင်တွေပိုင်..တစ်ချို့ကလည်း ကားအကောင်းကြီးစီးပြီး ဟိုတယ်တွေ ကလပ်တွေမှာ.သောက်စားပျော်ပါးနေကြတယ်…သူတို့ရွေးချယ်တဲ့လမ်းကတော့ တော်လှန်ရေးအကြောင်းပြုပြီး ကောင်းစားနေကြပြီ…အခုထိလည်း အလှူခံနည်းမျိုးစုံနဲ့အလှူခံပြီး တော်လှန်ရေးဆိုတာ သူတို့အတွက် စီးပွားရေးဈေးကွက်ပြီး ဖြစ်လာနေပြီ…

ဒီတော့ သူတို့ပြောနေတဲ့ တော်လှန်ရေးဆိုတာကြီးက အသူခံ လည်သူစား…တုံးသူကတုံးလို့ ဘုန်းသူက ဆက်ဘုန်းနေတဲ့ ..လုပ်စားတော်လှန်ရေးဆိုတာပါပဲ။