အမြန်လမ်းရှိ တိုးဂိတ်များကို ဖြတ်သန်းသွားလာခြင်း အချိန်အားပြောင်းလဲသတ်မှတ်

အမြန်လမ်းရှိ တိုးဂိတ်များကို ဖြတ်သန်းသွားလာခြင်း အချိန်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ယခင်က ည (၁၂) နာရီအထိ ဖြတ်သန်းခွင့်ပြုထားတဲ့ မန္တလေးဘက် စကားအင်းတိုးဂိတ်နဲ့ မိတ္တီလာ သီးကုန်းတိုး ဂိတ်ကို

နောက်ဆုံးဖြတ်သန်းချိန် ည (၁၀) နာရီအထိပဲ ဆိုပြီး ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

ထိုအပြင် အမြန်လမ်းအသုံးပြုသူတွေအနေနဲ့ တိုးဂိတ် ဧရိယာတွေ၊ အမြန်လမ်းမကြီးဘေးတွေမှာ

ညအိပ်ရပ်နားတာတွေ ပြုလုပ်ခွင့်မရှိတော့ဘဲ၊ ယာဉ်ရပ်နားစခန်းတွေဖြစ်တဲ့ ၃၉ မိုင်၊

၁၁၅ မိုင်၊ မိုင် ၂၀၀ နဲ့ ၂၈၅ မိုင်တွေမှာသာ ညအိပ် ရပ်နားရမယ်လို ထုတ်ပြန်ထားကြောင်း သိရပါတယ်။