မတ်လ ၂၇ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၂၆ ရက် ၀၇၃၅ နာရီတွင် စလင်းမြို့နယ်၊ ဘန့်ပြင်ကျေးရွာနေ ဦးလူမြင့်(ခ)ဦးမှုံ (၅၅)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၄ ဦးမှာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဦးလူမြင့် (ခ)ဦးမှုံအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကာ ဘန့်ပြင်ကျေးရွာအနောက်ဘက်ရှိ ကျွန်းရင်း ကျေးရွာအနီး သရက်တော-ဆင်ဖြူကျွန်းသွားကားလမ်းဘေးသို့ အရောက်၌ အကြမ်းဖက်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၆ ရက် ၁၂၀၀ နာရီတွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးရေမြောင်းအတွင်း အကြမ်းဖက် PDF များသတ်ဖြတ်ခဲ့သည့် (စိစစ်ဆဲ) ကျား ၁ ဦး(၄၅)နှစ်ခန့်အား ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိတွေ့ရှိခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၆ ရက် ၁၄၅၀ နာရီတွင် မင်းလှမြို့၊ အမှတ်(၈)ရပ်ကွက်၊ စက်ကြီးတန်းလမ်းနေ မင်းလှမြို့နယ် ပြည်သူ့ရှေ့ဆောင် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်(ခ)အောင်အောင်(၄၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦး ရောက်ရှိလာပြီး ပစ်ခတ်ခဲ့ရာ ဦးမျိုးမြင့်အောင်(ခ) အောင်အောင်တွင် ဝမ်းဗိုက်၊ ဝဲဒူးခေါင်း၊ ဝဲ/ယာပေါင်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-မတ်လ ၂၆ ရက်၀၉၃၀ နာရီတွင် မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းအိမ်ရာနေ ဦးဇော်လင်းအောင် (၂၃) နှစ်သည် ဓါတ်တိုင်များတွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးများအား ပိတ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာ ၀၉၄၅ နာရီတွင် အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းသို့ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား ဆိုင်ကယ်ဖြင့် တိုက်မိ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ ယာခြေဖနောင့်၊ ဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။