အကြမ်းဖက်PDFများမှ အပြစ်မဲ့ပြည်သူတွေကို မိုင်းထောင်လုပ်ကြံနေ

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်မှာပင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်၊
နန်းတော်ရာ ရပ်ကွက် ကတွင်းခြံကျေးရွာကြား လယ်ကန်သင်းရိုးဘေး၌ မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်း
သတင်းအရ လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက်အား Keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်
ထားသည့် လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ရကြောင်း သိရှိရပါတယ်။
လယ်ကန်သင်းရိုးဘေး မိုင်းလာချတယ်ဆိုတော့ အပြစ်မဲ့လယ်ယာလုပ်ကိုင်သူတွေကိုပါ အသက်အန္တရာယ်ပြုချင်တာ
သိသာထင်ရှားပါတယ်။