ရွှေဘိုနယ်၊ ကျောက်မြောင်းမြို့နယ်ခွဲ၊ အမှတ်(၃)ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရ

မနေ့က နေ့လယ် ၃ နာရီခန့်တွင် ရွှေဘိုနယ်၊ ကျောက်မြောင်းနယ်ခွဲ၊ အမှတ်(၃)ရပ်ကွက်၌ လူ/ယာဉ် ဝင်ထွက်များအား ရှာဖွေစစ်ဆေးနေစဉ် ကျောက်မြောင်းဘက်မှ ရွှေဘိုနယ်ဘက်သို့ မောင်းနှင်လာသော ကျော်ကျော်ဦး မောင်းနှင်လာပြီး ဒေါ်တင်လိုက်ပါလာသည့် ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြား ၅၀၀ ပြားနှင့် ငွေ ၂၀၀,၀၀၀ ကျပ်အား တွေ့ရှိဖမ်းမိခဲ့ပြီး ၎င်းတရားခံ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။