အပြစ်မဲ့ပြည်သူတစ်ဦးကို သတ်လိုက်တဲ့ အကြမ်းဖက် PDFများ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာအုပ်စု၊ မြင်းတဲကြီးကျေးရွာ (တောင်)မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူလို့ အမည်ခံထားတဲ့ အကြမ်းဖက်လူအုပ်စုက အရပ်သားတစ်ဦးကို သတ်ဖြတ်သွားကြပြန်ပြီလို့ သိရပါတယ်။

အသတ်ခံရသူမှာ ၎င်းကျေးရွာနေ အသက် (၄၅)နှစ်အရွယ် ဦးတင်မောင်ဝင်း (ဘ)ဦးကြည်ဝင်း၊ ဈေးရောင်းအလုပ် လုပ်ကိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ဦးတင်မောင်ဝင်းဟာ ၎င်းရဲ့ နေအိမ်ဝိုင်းအတွင်းရှိ တန်းလျားပေါ်မှာ အိပ်နေစဉ် NUG အရိုးကိုက် အကြမ်းဖက် ၇ ဦးက ဆိုင်ကယ် ၄ စီးနဲ့ရောက်ရှိလာပြီး ပစ္စတိုသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဦးတင်မောင်ဝင်းဟာ နေရာမှာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။