စစ်ကိုင်းတိုင်းအတွင်း PDF စခန်းများ တိုက်ခိုက်ရှင်းလင်းခံရမှုများပြားလာခြင်းရဲ့ အကြောင်းအရင်း

🆘စစ်ကိုင်းတိုင်းအတွင်း PDF စခန်းများ တိုက်ခိုက်ရှင်းလင်းခံရမှု များပြားလာခြင်းရဲ့ အကြောင်းအရင်း🆘

စစ်ကိုင်းတိုင်းအတွင်းက တပ်မတော်နဲ့ PDF တို တိုက်ပွဲများမှာ PDF များရဲ့

အခြေပြုစခန်းများမကြာခဏရှင်းလင်းသိမ်းပိုက်ခံနေရတာ အားလုံးအသိဖြစ်မှာပါ
✍️✍️✍️✍️✍️✍️✍️✍️
စက်တင်ဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၂ ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းနဲ့

မကွေးတိုင်း နယ်မြေအတွင်းPDF စခန်းစုစုပေါင်း ၂၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သိမ်းပိုက်ရရှိတဲ့ စခန်း ၂၄ ခု အနက်က
– စက်တင်ဘာလ ၄ ရက်နေ့က မော်လိုက်မြို့အနီးက PDF စခန်းကို သိမ်းပိုက်ရရှိမှုနှင့်အတူ

ဓါးစားခံအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူ အမျိုးသမီး ၅ ကို တပ်မတော်က ကယ်တင်နိုင်ခဲ့ပါတယ်
– စက်တင်ဘာလ ၇ ရက်နေ့က ဂန်ဂေါ၊ ရွှေတော်ရွာ၊ စာသင်ကျောင်းကို အခြေပြု စခန်းပြုလုပ်ထားတဲ့ PDF စခန်းကို
သိမ်းပိုက်ခဲ့ရာမှာ ပြည်သူတွေဆီကနေ ရိက္ခာအဖြစ် အဓမ္မယူထားတဲ့ ဆန်အိတ် ၁၀၄ အိတ်နှင့်အတူ လက်နက်ခဲယမ်း များစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်…
– အောက်တိုဘာ ၈ ရက်နေ့မှာတော့ ဝက်လက်၊ ဘုရားလေးကုန်ရွာအနီးက PDF စခန်းကို သိမ်းပိုက်တဲ့

အချိန်မှာ PDF အလောင်း ၈ လောင်းနဲ့အတူ လက်နက်ခဲယမ်း မြောက်များစွာ သိမ်းပိုက်ရရှိခဲ့ပါတယ်
– အောက်တိုဘာ ၁၁ ရက်နေ့က ဗန်းမောက်၊ စီမော်ရွာမှာ မြို့နယ်ရုံးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောက်ထားတဲ့
စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်

ဒီလိုတိုက်ခိုက်ခံရမှုများဟာ လုံခြုံရေး တပ်ဖွဲဝင်များအနေနဲ့ PDF စခန်းများရဲ့ တည်နေရာ

အတိအကျသတင်းရရှိပြီး လေကြောင်းအကူအညီနဲ့ ဝင်ရောက်စီးနင်းခြင်း ဖြစ်ပါတယ်

အထူးသဖြင့်တော့ စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဥ်ရက်ဆက် ဖြစ်ပွားနေတဲ့ တိုက်ပွဲများဟာ

KIA အဖွဲရဲ့ နောက်ကွယ်က ကြိုးကိုင်စီစဉ်မှုကြောင့် ဖြစ်ပွားနေမှုအပေါ် စစ်အနိဌာရုံတွေကို
ခံစားနေရတဲ့ ဒေသခံ အညာသူ/သားများက လက်မခံနိုင်တော့ဘဲ
KIA၊ PDF ပူးပေါင်းလှုပ်ရှားမှုများကို သတင်းပေးလာခြင်းကို ပိုမိုပြုလုပ်လာတာကို တွေ့မြင်ရပါတယ်

CRPH, NUG အဖွဲများရဲ့ လေလှိုင်းပေါ်က သွေးထိုး လှုံဆော်၊ မြောက်ပင့်ပေးမှုနဲ့ KIA သူပုန်ရဲ့

ယုတ်မာကောက်ကျစ်တဲ့ စစ်ဘောင်ချဲ့မှုတွေကို သိရှိနားလည်လာကြတဲ့

အညာဒေသက ပြည်သူများက သူတို့ဒေသ ပြန်လည်တည်ငြိမ်အေးချမ်းဖိုအတွက်
လက်နက်ကိုင်အကြမ်းဖက်သမားများလျော့နည်းပပျောက်စေရေး လုံခြုံရေးတပ်ဖွဲဝင်များနဲ့အတူ ပူးပေါင်းဆောင်ရွက်လာခြင်းရဲ့အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

ပြည်ရွာအေးချမ်းဖို့အရေး ဝိုင်းဝန်းဆောင်ရွက်ကြပါစို့…….