တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏သူရဲကောင်းလက်မှတ်ရရှိခဲ့သူ ဗိုလ်ကြီး ရာဇာထွန်း

********

ဗိုလ်ကြီးရာဇာထွန်းသည် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ

အမှတ် (၂၅၂) ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်ပြီး….

၁၇-၁၂-၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဖောတော-လိုင်ဖောင်ဒေသရှိ

ပွိုင့် ၇၆၈ KIA တောင်ကုန်းအား တိုက်ခိုက်သိမ်းပိုက်စဉ် ရှေ့တန်းကျကျ

ပွိုင့်တပ်စုမှူးတစ်ယောက်အနေနဲ့ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ပွိုင့် ၇၆၈ တောင်ကုန်းဟာဆိုရင် ဖောတော-လိုင်ဖောင်ဒေသတွင်

အချက်အချာကျပြီး စစ်ဗျူဟာအရ အရေးကြီးတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့လက်နက်ကြီး၊ ငယ်များပစ်ခတ်နေသည့်ကြားကနေ

သူရသတ္တိပြောင်မြောက်စွာဖြင့် ၎င်း၏တပ်စုကို ဉီးဆောင်၍

အသက်ကို ပဓာန မထားဘဲ မိမိထက်အင်အားသာလွန်သည့်

ရန်သူ့စခန်းကုန်းအား ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ရာ ရန်သူလက်နက်မြောက်မြားစွာနှင့်အတူ

အဆိုပါ ရန်သူ့စခန်းကုန်းအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ထို့အတွက်ကြောင့် တပ်မတော်သားတစ်ဦးအနေနဲ့ တပ်မတော်ရဲ့ ဂုဏ်ကိုမြှင့်နိုင်ခဲ့ပြီး

ရဲစွမ်းသတ္တိ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သော ဗိုလ်ကြီး ရာဇာထွန်းအား…….
တပ်မတော်ကပေးအပ်သော တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏သူရဲကောင်းလက်မှတ်ကို

၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။……

တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏သူရဲကောင်းလက်မှတ်အပြင် (၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့မှာလည်း  တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ထပ်မံရရှိခဲ့ပါသေးတယ်…….

ဒါကလည်း….. ပွိုင့် ၇၆၈ ရဲ့ ကမ္ဗည်းမှတ်တမ်း တစ်ခုပါပဲ။……