ညောင်လေးပင်တိုက်ပွဲအတွင်း KNU/PDF (၁၀) လောင်း ၃ လက်ရရှိ

ဒီဇင်ဘာ ၂၁ ရက်နေ့က နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာအနီး တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် ရွာ၏မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာအရောက်မှာ မသင်္ကာဖွာရာ တဲ ၄ လုံးတွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ KNU/PDF သောင်းကျန်းသူ ၁၅ ဦးခန့်နှင့် ထိတွေ့မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူဟာ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ၎င်းဖြစ်စဉ်တွင်-
(၁) KNU/PDF ၄ လောင်း
(၂) လက်လုပ်သေနတ် ၁ လက်
(၃) ကျည် ၉ တောင့်
(၄) လက်လုပ်မိုင်း ၃ လုံး
(၅) ဆိုင်ကယ် ၃ စီး

(၆) တဲ ၄ လုံး ရရှိခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ဆုတ်ခွာထွက်ပြေးသောရန်သူသည် အထက်ပါဖြစ်စဉ်နေရာ၏ အရှေ့မြောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာ၌ ဆိုင်ကယ် ၂ စီးဖြင့် ထွက်ပြေးလာသော အကြမ်းဖက်သမားများဟာ ပိတ်ဆို့ရေးအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်-
(၁) KNU/PDF ၂ လောင်း၊
(၂) တူမီး ၁ လက်၊

(၃) ဆိုင်ကယ် ၂ စီး ရရှိခဲ့ပြီး ဆုတ်ခွာထွက်ပြေးသော ရန်သူနောက်သို့ ချေမှုန်းရေးအဖွဲ့မှ ဆက်လက်ရှင်းလင်းရာ
(၁) KNU/PDF ၄ လောင်း၊

(၂) လက်လုပ်သေနတ် ၁ လက်

စုစုပေါင်း KNU/PDF (၁၀)လောင်း၊ ၃ လက်ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။