စစ်ကိုင်းမှာ ကား ၂ စီးတိုက်စာ လက်နက်/ခဲယမ်း/ဗုံးသီးများရရှိ

မနေ့က စဉ့်ကိုင်ရွာဖြစ်စဉ် ၁၄ လောင်းကိစ္စအားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ အဲဒီဖြစ်စဉ်ကြောင့် PDF အကြမ်းဖက်သမားတွေဟာ ကွန်မန်ဒို(လင်းယုန်)နယ်မြေထဲမနေရဲတော့ဘဲ နမခဘက်ကို လက်နက်/ ခဲယမ်းများနဲ့အတူ ရွေ့ပြောင်းသွားတယ်လို့ ဒေသခံတွေက သတင်းပေးလာတယ်။

ဒါပေမယ့် လင်းယုန်အဖွဲ့ ဆက်မလိုက်နိုင်တော့ဘူး။ PDF အလောင်းတွေကို မီးသင်္ဂြိုလ်ရမှာဖြစ်လို့ ဟိုဘက်ဂွင်မှာလှုပ်ရှားနေတဲ့ သိန်းငှက်အဖွဲ့ကို သတင်းအတိအကျပေးလိုက်တယ်။ သတင်းရရချင်း သိန်းငှက်အဖွဲ့က Night Move ဆွဲပြီး ခြေလုံလက်လုံနဲ့ တောတိုးချဉ်းကပ်ခဲ့တယ်။

ဇွန် ၂၈ ရက်(မနေ့က)ည ၁၂ နာရီမှာ ရည်မှန်းချက်ဖြစ်တဲ့ စစ်ကိုင်းမြို့နယ်၊ စမွန်းရွာ ဘုန်းကြီးကျောင်းနားကို ဆွဲကပ်လိုက်တယ်။ သိန်းငှက်အဖွဲ့ မိနစ် ၃၀ ခန့် အခြေအနေကြည့်အနားယူပြီး ဘုန်းကြီးကျောင်းကို ဝင်ရောက်ရှာဖွေလိုက်ပြီး Van ကားနဲ့ Canda ကားပေါ်က NUG/PDF အကြမ်းဖက်သမားတွေရဲ့

– ၁၀၇ မမ ၅လုံး၊ Kia 60 မမစိန်ပြောင်း ၁လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ စနိုက်ပါ ၁ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ၃၅ လက်၊ စစ်သုံးရေဘူးများ၊ ယူနီဖောင်းများ၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁၂၃ လုံး၊ ဘီအေ-၉၁ လက်ပစ်ဗုံး ၃၅ လုံး၊ Drop bomb သီး ၃၁ လုံး၊ အီနာဂါ ၅ လုံး၊ လက်လုပ်စပဗုံးသီး ၃၂ လုံး၊ ယမ်းကြိုးများ၊ ကျည်အမြောက်အမြား၊ Key pad ဖုန်းများ၊ Remote များ၊ ဆားကစ်များ၊ ဟန်းကောများ၊ သံဖြတ်ပစ္စည်းများ တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်။