အကြမ်းဖက် PDF စခန်းအား တပ်မတော်မှ ဝင်ရောက်ရှင်းလင်း

ဩဂုတ်လ ၁၃ ရက် နေ့လည် ၂ နာရီခွဲခန့်တွင် ဝက်လက်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဘုန်းတော်ကြီးကျောင်းအား ဝင်ရောက်ရှင်းလင်းရာ
-လက်လုပ်စိန်ပြောင်း -၁ လက်
-လက်လုပ်သေနတ် -၂ လက်
-လက်လုပ်မိုင်းမျိုးစုံ -၄၅ လုံး
-လက်လုပ်စိန်ပြောင်းဗုံးသီး -၃ လုံး
-ယမ်းမှုန့် -၂၀ ပိဿာ
-VIGOအမျိုးအစား 4Wကား -၁ စီး
-အိုင်ကွန်အားသွင်းခုံ(မကောင်း) -၁ ခုတို့အားသိမ်းဆည်းရရှိခဲ့ပါသည်။