အရာတော်မြို့နယ်၊ လယ်တီကျေးရွာတွင် PDF များ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် အရာတော်မြို့နယ်၊ လယ်တီကျေးရွာတွင် အများပြည်သူများအား အကြောင်းမဲ့မိုင်းဆွဲ တိုက်ခိုက်ပြီး အလုံးစုံပျက်သုဉ်းရေးကို ဆောင်ရွက်နေသည့် PDF အကြမ်းဖက်သမားများ၏ အဖျက်အမှောက်လုပ်ရပ်များကို မလိုလားသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ ၎င်းကျေးရွာရှိ ရွာသားအချိုမှာ PDF အဖွဲ့အစည်းသို့ ဝင်ရောက်၍ အဖျက်အမှောက်လုပ်ရပ်များ ဆောင်ရွက်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ၎င်းကျေးရွာရှိ နေအိမ်များ အတွင်းသို သွားရောက်ရှာဖွေခဲ့ရာ

  • လက်လုပ်သေနတ် ပြုလုပ်ဆဲ ၅ လက်
  • လက်လုပ်မိုင်း ပြုလုပ်ဆဲ ၅ လုံး
  • ယမ်းပျော့ ၅ ချောင်း
  • ဘတ္ထရီအိုး ၃ လုံး
  • ယမ်းကြိုး ၁ ခွေ
  • ဝါယာကြိုး ၁ ခွေ
  • ပြောက်ကျားအင်္ကျီ ၃ ထည်
  • ပြောက်ကျား ဘောင်းဘီ ၁ ထည်
  • ပြောက်ကျား ဦးထုပ် ၁ လုံး
  • အိုင်ကွန် ၁ လုံး
  • သံတိုသံစ ၃ ပိဿာ ၁ အိတ် တို့အား သိမ်ဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။
    PDF အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းများက တောနင်းပြီးရှာဖွေရှင်းလင်းနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ မကြာခင် သတင်းကောင်းတွေကြားရတော့မှာပါ…