အရပ်သားယောင်ဆောင်ကာ စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ တမူး PDF အလောင်းနှင့်လက်နက်များ သိမ်းပိုက်ရရှိ

တမူးမြိုနယ်၊ နန်းကထိပ်ကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် PDF အလောင်း ၇ လောင်းအား စနိုက်ပါသေနတ်အပါအ၀င် သေနတ် ၇ လက်ဖြင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အရပ်သားပြည်သူယောင်ဆောင်ပြီး တပ်မတော်စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်နဲ့ ဖမ်းဆီးမိထားရင်တောင် အပြစ်မဲ့ပြည်သူဆိုပြီး အကြမ်းဖက်အားပေးမီဒီယာများရဲ့ အကူအညီဖြင့် ဝါဒဖြန့်လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်မို့ ပြည်သူများအနေနဲ့လည်း အရပ်ဝတ်နဲ့သေနတ်ကိုင်သောင်းကျန်းနေတဲ့ အကြမ်းဖက်တွေရဲ့ သတင်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များကို အချိန်မီပေးပို့ဖို့လည်း လိုအပ်ပါတယ်။