AA အဖွဲ့၏ မူးယစ်ကုန်ကူးမှုများ (၁)

၂၅-၈-၂၀၁၉ ရက် နေ့လည် ၁၂ နာရီခန့်တွင် ပြည်သူများရဲ့ သတင်းပေးမှုကြောင့် ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ်၊ ဆရာစံရပ်ကွက်၊ မြန်မာပလာဇာရှေ့တွင် ထွဋ်အောင်လွင်နှင့် ကြည်ခိုင် တို ၂ ဦးအား စိတ်ကြွ ဆေးပြား ၄၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောချက်အရ စမ်းချောင်းမြိုနယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ တိုက်(၃၉/ဘီ)(ပထပ်)နေ မအေးအေးဝင်း(ရခိုင်လူမျိုး) ထံမှ ဝယ်ယူခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့။

မအေးအေးဝင်း နေအိမ်အား ဝင်ရောက်စီးနင်းစဉ် စိတ်ကြွဆေးပြား (၁၆၈၆၀၀) ပြား ဖမ်းဆီးရမိခဲ့ပြီး မအေးအေးဝင်း၏ ဖြောင့်ချက်အရ ဒဂုံမြိုသစ်(တောင်ပိုင်း)၊ ၆၆ ရပ်ကွက်၊ မြိတ်လမ်း*ဧရာဝတီလမ်းသွယ်တွင် နေထိုင်သော မခိုင်ခိုင်စံ ထံမှ ဝယ်ယူခဲ့ကြောင်း သိရ၍ မခိုင်ခိုင်စံအား ဩဂုတ် ၂၆ ရက်နေ့တွင် မောင်ဖြစ်သူ နိုင်နိုင်ထွန်းနဲ့အတူ နေအိမ်တွင် ဖမ်းဆီးရမိခဲ့။

၎င်းတို၏ ဖြောင့်ချက်အရ ဒဂုံဆိပ်ကမ်းမြိုနယ်၊ ၆၇ ရပ်ကွက်၊ ရတာနာအိမ်ယာ၊ တိုက်(၃၂)တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းထားကြောင်း သိရသဖြင့် အဆိုပါအိမ်ကို ညတွင်းချင်း စီးနင်းရာ စိတ်ကြွဆေးပြား (၆၇၈၀)ပြားကို တရားခံ စိုင်းနောင်မိန်းနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့။

တရားခံများအား စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများကို အဝတ်အထည်များဖြင့် ရောနှောပြီး ဆာလာအိတ်ဖြင့်ထုတ်ကာ မညိုအေး(စစ်တွေ)ဆီသို ပေးပိုရမှာဖြစ်ကြောင်း သိရသဖြင့် အောင်မင်္ဂလာအဝေးပြေးကွင်းရှိ လေးဝတီဂိတ်၊ မင်းထက်သာဂိတ်တိုကို ဝင်ရောက်စစ်ဆေးရာ ဆာလာအိတ် ၇ လုံးဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား(၁၀ သိန်း)ပြားကို သိမ်းဆည်းရမိပြီး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသော စိတ်ကြွဆေးပြား (၁၅ သိန်း)ပြားတိုအား ရခိုင်ပြည်နယ်၊ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီး နိုင်ခဲ့။

ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ ကျပ်ငွေ သိန်းပေါင်း ၆၅၀၀၀ (၆ ဒသမ ၅ ဘီလီယန်)ခန့်ရှိပြီး အဆိုပါမူးယစ်ဆေးဝါးများ၏ တန်ဖိုး ၂၀ % ကို ပေးပိုသူများမှ ရရှိပြီး ကျန် ၈၀% ကို AA အဖွဲသို လွှပြောင်းပေးရမှာဖြစ်ကြောင်း သိရှိရ။

ဆိုချင်တာကတော့ .. AA သူပုန်ဆိုတာ မူးယစ်ဆေးဝါးနဲ့ရပ်တည်နေတာကို သိစေချင်တာပါ။
ငြင်းစမ်း .. ခိုင်သုခ .. (အပိုင်း-၂ ဆက်လာမယ်)