ကသာပေါ်ရပ်ကွက်များတွင် အယောင်ဆောင်၍ မီတာခများ လိုက်လံကောက်ခံနေသူအား ဖမ်းဆီးရမိ

ကသာမြို့၊ ရပ်ကွက်များအတွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်၍ ရပ်ကွက်နေပြည်သူများ၏ နေအိမ်၌ မီတာခများ လိုက်လံကောက်ခံနေကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များက ရှာဖွေခဲ့ရာ ကသာ၊ အမှတ်(၉) ရပ်ကွက်အတွင်းမှ ထင်လင်းအောင်(ခ)အကြီးကောင် အားတွေ့ရှိခဲ့ပြီး ၎င်းမှာ အယောင်ဆောင်၍ မီတာခများ ကောက်ခံနေသူဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။