မနေ့က နေ့လည် ၂ နာရီခန့်တွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ သာစည်လမ်းရှိ ရတနာ ငွေထုတ်ငွေလွဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ သန့်ဇင်အောင်သည် PDF များ၏ လက်နက်ခဲယမ်းများ ဝယ်ယူရန် ငွေလွဲလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲများက သွားရောက်စစ်ဆေးတွေ့ရှိရ၍ ၎င်း၏ ရတနာ စက်ဘီး/ ဆိုင်ကယ်ရောင်းဝယ်ရေးနေအိမ်နှင့် မုံရွာမြို့၊ သလ္လာရပ်ကွက်၊ ခတ္တာလမ်းတွင် ရှိသော PDF အောင်စိုးဝင်း၏နေအိမ်အား သွားရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နေအိမ်အတွင်းရှိ ထပ်ခိုးပေါ်တွင် လက်လုပ်မိုင်း ၂၃ လုံး၊ ကားစလစ်အိုးအခွံ ၄ လုံး တိုအား ရှာဖွေသိမ်းဆည်းရရှိပြီး ၎င်းနေအိမ်များအား ဤအဆောက်အဉီးနှင့် မြေနေရာ သည် အကြမ်းဖက်အဖွဲအစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ရောင်းချခြင်း၊ရောင်းဝယ်ခြင်း မပြုလုပ်ရ စာသားပါဗွီနိုင်းကပ်၍ ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်စပ်အကြောင်းအရာများ
CDM လုပ်သွားကြသူများရဲ့ နှောင်းနောင်တ
- Admin
- December 12, 2023
ဒီ video file ကို နှလုံးရောဂါရရှိသူတွေနဲ့ ကြောက်တတ်သူတွေ မကြည့်ဖို့မေတ္တာရပ်ခံပါတယ်…. တပ်မတော်ကိုစွန့်ခွာပြီး လက်နက်နဲ့ CDM လုပ်ကာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဆီရောက်သွားကြတဲ့ သစ္စာဖောက်များရဲ့ နောက်ဆုံးနေဝင်ချိန်များဟာ တကယ့်ကိုပဲ […]
ကချင်ကို သွေးတိုးစမ်းနေတဲ့ MNDAA
- အေးခင်
- April 26, 2024
MNDAA ကတော့ လုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ KIA နဲ့ ကချင်လူမျိုးတွေကို စော်ကားမှုတွေလုပ် ဆောင် နေတာတွေများနေပါပြီ…အခုလည်း ဒေသခံ ကချင်လူမျိုးတွေရဲ့ ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားတန်ဖိုးထားမှုမရှိဘဲ မုံးကိုးမြို့က […]
ခိုးဆိုးလုနှိုက် လုပ်နေတဲ့ MNDAA
- အေးခင်
- January 30, 2024
လောက်ကိုင်မြို့က MNDAA အဖွဲ့ဟာ ပြည်သူအသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့်အစား ပြည်သူပစ္စည်းတွေကိုပဲ အတင်းအဓမ္မလိုက်လံသိမ်းယူနေတယ်လို့သိရပါတယ်.။ အိမ်တွေ ဆိုင်ခန်းတွေလည်းဖောက် ပစ္စည်းတွေခိုးယူရုံအားမရသေးဘဲ ပရိဘောဂပစ္စည်းတွေကိုလည်း ရိုက်ချိုးဖျက်ဆီးသွားတယ်လို့သိရပါတယ်။