ကချင်ကို သွေးတိုးစမ်းနေတဲ့ MNDAA

MNDAA ကတော့ လုပ်လို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ KIA နဲ့ ကချင်လူမျိုးတွေကို စော်ကားမှုတွေလုပ် ဆောင် နေတာတွေများနေပါပြီ…အခုလည်း ဒေသခံ ကချင်လူမျိုးတွေရဲ့ ဘာသာ‌ရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို လေးစားတန်ဖိုးထားမှုမရှိဘဲ မုံးကိုးမြို့က ကချင်ရိုးရာမနောကွင်းမှာ ကချင်ရိုးရာမနောင်ခန်းမ ဆောက်လုပ်မှာကို ပိတ်ပင်တားဆီး ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ သိရပါတယ်..။

MNDAA ဟာ ကချင်လူမျိုးတွေရဲ့ ဘာသာ‌ရေးနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဘယ်လောက်ထမထီမဲ့မြင်ပြုနေသလဲဆိုရင် မုံးကိုးမြို့က ကချင်ရိုးရာမနောကွင်းကို လောင်းကစားကွင်းအဖြစ် အသုံးပြုခဲ့တာကမျက်မြင်ကိုယ်တွေ့ပါပဲ။