ဆားလင်းကြီး တွင် Mi-35 ရဟတ်ယာဉ်ဖြင့် မှားယွင်းပစ်ခတ် သဖြင့် တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူရာတွင် ကျောက်မျက်ရွာမှ ခြေလျင်တက်လာသည့် တပ်မတော်သားများကို အကြမ်းဖက် PDF များနှင့် မှားယွင်းပစ်ခတ်ခဲ့၍ တပ်မတော်သား ၁၀ ဦးကျော်သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ ဇွန်လ ၉ ရက်နေ့၌ ဆားလင်းကြီးနယ်အတွင်းရှိ ကျောက်မျက်ရွာအနီးတွင်း တပ်ဖွဲ့ဝင်များအား မှားယွင်းစွာတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မရှိခဲ့ကြောင်း ဒေသတွင်း သတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေ အထိနာသောကြောင့် Ayeyarwaddy Times မှ လုပ်ဇာတ်ဆင်ပြီး ရေးသားထားတဲ့ လုပ်ကြံသတင်းသာဖြစ်ပါတယ်။