ကျန်းမာရေးနဲ့ပတ်သက်ပြီး လည်ပင်းအကြိတ်ရောဂါကိုထပ်မံခံစားနေရတဲ့ ထက်ထက်မိုးဦး

အသက်(၅၂)နှစ်အရွယ် နိုင်ငံကျော်အကယ်ဒမီသရုပ်ဆောင် ထက်ထက်မိုးဦးကတော့ အခုချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားပြီ အနုပညာလောကမှာလည်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခုရောက်ရှိလာတာနဲ့အမျှ ကျန်းမာရေးနဲ့ပတ်သက်ပြီး ချို့ယွင်းမှုတွေဖြစ်ပေါ်နေတဲ့ သူမရဲ့ ကျန်းမာရေးအကြောင်းနဲ့ ပတ်သက်ပြီး အခုလို အသိေပးခဲ့ပါတယ်။

ထက်ထက်မိုးဦးက “နေမကောင်းဖြစ်ရင်တစ်ခုခုဆိုမရင်ပြုံးဆေးခန်းပြေးရတာ အစစအရာရာဂရုစိုက်ပေးတဲ့မရင်ပြုံးကျေးဇူးများကြီးတင်ပါတယ်။လည်ပင်းကဘန်ကောက်မှာခွဲတုန်းက glands တွေထုတ်လိုက်တာမသိဘူး။ မနေ့က လည်ပင်းUltrasound ရိုက်ပြီး ဒေါက်တာပြောမှသိတာဗိုက်ခွဲတုန်းကလဲ မေ့ဆေးကြောက်တယ်ဆိုပြီးထုံဆေးနဲ့ခွဲခဲ့တာခံရခက်လိုက်တာ မိုင်နာမှန်းမသိ မေဂျာမှန်းမသိနာလိုက်တာ။ ခလေးမွေးတုန်းကခွဲထားတဲ့ပေါ်ထပ်ခွဲရတော့နာတာပေါ့။ ဗိုက်စီးလဲမစီးခုတော့ ဗိုက်ကပူ၊ နှလုံးခွဲဗိုက်၂ကြိမ်ခွဲ လည်ပင်းခွဲ.. အမလေးအခုလည်ပင်းထပ်မခွဲချင်လို့ မရင်ပြုံး ရွှေနဒီမှာဒေါက်တာဝါဝါဝမ်းမောင်နဲ့ကုသနေပါတယ်။ ချစ်တဲ့သူတွေစိတ်မပူကြပါနဲ့နော်။ အသည်းရောဂါလဲကုသဖို့ကြိုးစားနေပါတယ်။ တစ်ယောက်ထဲစိတ်ညစ်နေလို့လည်းအပိုပါပဲ။ ဘုရားတရားနဲ့အလုပ်ကိုလုပ်နိုင်တလောက်ပဲလုပ်ပါတော့မယ်။ နောက်ဆုံးတော့လဲသေရမှာပါပဲ” ဆိုပြီး သူမရဲ့ ကျန်းမာရေးအခြေအနေကို ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။