အခြေခံပညာကျောင်းများ ကျောင်းတွင်းစစ်နဲ့နှစ်ဆုံးစာမေးပွဲ စစ်ဆေးမယ့်အချိန်စာရင်းထုတ်ပြန်

၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ရဲ့ ကျောင်းတွင်းစစ်နဲ့ နှစ်ဆုံးစာမေးပွဲများ စစ်ဆေးကျင်းပမယ့် အချိန်စာရင်းတွေ ကို ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန် ကြိုတင်ပြင်ဆင်နိုင်ရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်တဲ့ စာမေးပွဲအချိန်စာရင်းတွေအရ ဖေဖော်ဝါရီ၂၂ရက်ကနေ မတ်လ၁၈ရက်အထိ စာမေးပွဲရက်များကို အသိပေးထားတာဖြစ်တယ်လို့ဆိုပါတယ်။

အခြေခံပညာမူလတန်း အဆင့် Grade-5 ကျောင်းသားကျောင်းသူတွေအတွက် စာမေးပွဲရက်မှာ ဖေဖော်ဝါရီလ ၂၂ရက်ကနေ ၂၈ရက်အတွင်း ၊ အလယ်တန်းအဆင့် Grade-9 ကျောင်းသားကျောင်းသူများအတွက်ကို ဖေဖော်ဝါရီ ၂၂ရက်ကနေ မတ်လ ၃ရက်အတွင်း နဲ့ ကျန်ရှိတဲ့ကျောင်းတွင်းစစ် စာမေးပွဲတွေအတွက်ကို ဖေဖော်ဝါရီ၁၄ရက် ကနေ၂၁ရက်အတွင်း စစ်ဆေးမှာဖြစ်ပါတယ်။

ဒါ့အပြင် Grade-11ခေါ် သင်ရိုးဟောင်းပြီးမြောက်မှုစစ်ဆေးခြင်း တက္ကသိုလ်ဝင် စာမေးပွဲအတွက်ကို မတ်လ ၈ရက်ကနေ မတ်လ ၁၈ရက် အထိ ကျင်းပသွားမယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

Grade-5 စာမေးပွဲကို နံနက်၉နာရီကနေ ၁၀နာရီခွဲအထိ စစ်ဆေးဖို့ ကြေငြာထားပြီး Grade-9အတွက် စာမေးပွဲကို နံနက်၉နာရီကနေ ၁၁နာရီအထိ စစ်ဆေးသွားမယ်လို့သိရှိရပါတယ်။