နှစ်သက်တမ်း ၇၅၀၀ရှိ ငှက်ကုလားအုပ်ဥတွေကို အစ္စရေးရှိ ရှေးဟောင်းမီးဖိုဘေးမှာတွေ့ရှိ

အစ္စရေးနိုင်ငံတောင်ပိုင်း ကန္တာရဒေသတစ်ခုဖြစ်တဲ့ နီဂေ့ဗ်မှာ နှစ်သက်တမ်း ၄၀၀၀ကနေ ၇၅၀၀အထိရှိတယ်လို့ ယုံကြည်ရတဲ့ သမိုင်းမတွင်ခင်က ငှက်ကုလားအုပ်ဥ ရှစ်ဥကို ရှေးဟောင်းသူတေသနပညာရှင်တွေက ရှေးဟောင်း မီးဖိုတစ်ခုနားမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိုက်ပျိုးမြေတွေကို တူးဖော်ရှာဖွေမှု အတွင်း အဲ့ဒီ ငှက်ကုလားအုပ်ဥတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပညာရှင်တွေက ဇန်နဝါရီ ၁၂ရက်က ပြောကြားပါတယ်။