(FA ဖလား) မန်ယူ Vs ဖူလ်ဟမ်ပွဲက သင်ခန်းစာ

ညကကစားတဲ့ အက်ဖ်အေဖလား ပွဲတစ်ခုဖြစ်တဲ့
မန်ယူ Vs ဖူလ်ဟမ် တို့ပွဲမှာ ဖူလ်ဟမ်ဘက်က
၇၂ မိနစ်မှာ ဝီလီယမ် ,မီထရိုဗစ် နဲ့နည်းပြ မာကိုဆေးလ်ဗားတို့
သုံးယောက်တိတိ အနီကဒ်ထိခဲ့ပါတယ်
တစ်ဂိုးအသာနဲ့ဦးဆောင်ထားသလို မာမာထန်ထန်နဲ့လည်းကစားထားနိုင်တာမို့
မန်ယူကို ဒုက္ခပေးနိုင်မယ်လို့ ထင်နေတုန်းမှာပဲ ဝီလီယံရဲ့ လုပ်ရပ်တစ်ခုက
ပွဲတစ်ခုလုံးကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်
ကွင်းတွင်း ၂ယောက်လျော့အပြီးမှာတော့ ယူနိုက်တက်က ၃ ဂိုး သွင်းယူခဲ့ပြီး
နောက်တစ်ဆင့်တက်ရောက်ခဲ့ပါတယ်
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ်
မန်စီးတီး Vs ရှက်ဖီးယူနိုက်တက်
ဘရိုက်တန် Vs မန်ယူတို့
ယှဥ်ပြိုင်ကစားရဖို့ရှိပါတယ်
ဖူလ်ဟမ်အတွက်တော့ သင်ခန်းစာယူစရာပွဲလို့ ဆိုရပါမယ်