အကြမ်းဖက်သမားများပစ်ခတ်သည့် လက်နက်ကြီးမြို့ထဲကျ၍ ပြည်သူ ၈ ဉီး ဒဏ်ရာရ

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက် မနက် ၇ နာရီခွဲခန့်တွင် KKO(ခွဲထွက်)နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲသည် ကော့ကရိတ်မြိုအတွင်းသို ၆၀ မမ ဗုံးသီး ၃ လုံး ပစ်ခတ်ခဲ့သည်။

ဗုံးသီးများသည် အမှတ်(၇)ရပ်ကွက်၊ ပဒုမ္မာလမ်း တွင် ၁ လုံး၊ အမှတ်(၂)ရပ်ကွက်၊ မြိုတော်ဦးရပ် တွင် ၁ လုံးနှင့် ခရိုင်ပြည်သူ့ဆေးရုံရှေ့တွင် ၁ လုံး(ပေါက်ကွဲမှုမရှိ) အသီးသီး ကျရောက်ပေါက်ကွဲခဲ့သဖြင့်..
(က) ဦးရူပါ၊ (၅၃)နှစ် အမှတ်(၇)ရပ်ကွက် နေသူသည် ဗုံးသီးအစ ဘယ်ခါးစောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်။
( ခ ) ဦးသိန်းဝင်း၊ (၄၀)နှစ် အမှတ်(၇)ရပ်ကွက် နေသူသည် ဗုံးသီးအစ ညာခြေသန်းကြွယ်ထိမှန်ဒဏ်ရာ ၁ ချက် ။
( ဂ ) ဒေါ်ရွှေ၊ (၅၅)နှစ် အမှတ်(၇)ရပ်ကွက် နေသူ သည် ဗုံးသီးအစ ဘယ်ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်။
(ဃ) ဒေါ်သန်းသန်းအေး၊ (၃၃)နှစ်အမှတ်(၂)ရပ်ကွက် နေသူသည် ဗုံးသီးအစ ဦးခေါင်းငယ်ထိပ်ရှပ်မှန်ဒဏ်ရာ ၁ ချက်။
( င ) ဒေါ်လှမြင့်၊ (၆၄)နှစ် အမှတ်(၂)ရပ်ကွက်နေသူသည် ဗုံးသီးအစ ညာပခုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်။
(စ) စောဉာဏ်လင်း (၁၅)နှစ် သည် ဗုံးသီးအစ ဘယ်လက်မောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်။
(ဆ) ဒေါ်အေးသန္တာလှိင် (၃၀) နှစ်သည် ဗုံးသီးအစ ယာပေါင်ဖောက်ဝင် ဒဏ်ရာ ၁ ချက်။
(ဇ) ဉီးဝင်းလှိင် (၃၀) နှစ်သည် ဗုံးသီးအစ ယာပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် အသီးသီးရရှိခဲ့သည်။