ညီညာသာလင်းတံတားအား PDF မှ မိုင်းထောင်ဖောက်ခွဲ

ဧပြီ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ကရင်ပြည်နယ်၊ ကော့ကရိတ် (တောင်ပိုင်း)၊ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းမကြီးပေါ်ရှိ ညီညာသာလင်း တံတားအား အကြမ်းဖက်သောင်းကျန်းသူ PDF မှ မိုင်းထောင်ဖောက်ခွဲခဲ့ကြကြောင်း သိရပါတယ်

၎င်း တံတားအား ရေပူကြီးကျေးရွာမှဒေသခံ အကြမ်းဖက်သောင်းကျန်းသူ PDF မှ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး၊ ထို မိုင်းထောင်ဖောက်ခွဲမူကြောင့် အပေါက်ကြီး ၂ ပေါက်ဖြစ်ခါ ပျက်စီးခဲ့ပြီး ယခုအခါ ကားသေးများသာ သွားလာလို့ရကြောင်း သိရှိရသည်။