မော်လိုက်မြို့နယ်၊ ညောင်သပြေကျေးထိပ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့လယ် ၂ နာရီခန့်တွင်စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ညောင်သပြေကျေးရွာ၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ညောင်သပြေကျေးရွာထိပ်ရှိ လမ်းဆုံ၌ မသင်္ကာသော ဆိုင်ကယ် ၁ စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ အောင်ကျော်သူ (ခ) ကုလားလေး မောင်းနှင်လာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ ဘိန်းဖြူ ၁၀ ဂရမ် ခန့်စီပါ အပြာရောင် ဆပ်ပြာခွက် ၃ ခွက်၊ ပေါင်း ၃၀ ဂရမ်ခန့်နှင့်အတူ ဖုန်း ၁ လုံးတို့ ဖမ်းဆီးခဲပြီး မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က) ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။