ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအနီးတွင် PDF များ၏ မိုင်းနှင့်ဗုံးသီးများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၂ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် ကိုင်းကျေးရွာအနီးတွင် ပြည်သူများအေးချမ်းစွာနေနိုင်ရေး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် မြို့၊ ကျေးရွာနှင့် လူအများအသုံးပြုနေသော ခရိုင်ချင်းဆက်လမ်းများပါမကျန် လုံခြုံရေးဆောင်ရွက်လျက်ရှိရာ ပြည်သူများ အေးချမ်းစွာ နေထိုင်မှုအား မလိုလားဘဲ အဖျက်အမှောင့်လုပ်ငန်းများအား လုပ်ဆောင်နေသော PDF အကြမ်းဖက်သမားများ နေထိုင်သွားသည့် တဲ ၁ လုံးအား တွေ့ရှိရှင်းလင်းရာ-

  • မိုးကာစမိုးတဲ —–၁ လုံး
  • လက်လုပ်ပေပါမိုင်း – -၁ လုံး
  • လက်လုပ်သံပုံးမိုင်း —-၁ လုံး
  • လက်လုပ်စိန်ပြောင်းဗုံးသီး —- ၁၃ လုံး
  • လက်လုပ်မိုင်း —-၄ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။