အရာတော်မြို့နယ်၊ ကျွဲခြံကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လည် ၂ နာရီခန့်တွင် အရာတော်မြို့နယ် ကျွဲခြံကျေးရွာအနီးတွင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဉပဒေစိုးမိုးရေး၊ ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ တစ်နေရာနှင့်တစ်နေရာ သွားလာမှုအဆင်ပြေစေရေးနှင့် ဒေသတစ်ခုနှင့်တစ်ခု ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ရေးနယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသော pdf အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် တောင်ယာတဲတစ်လုံးအား တွေ့ရှိရှင်းလင်းခဲ့ရာ-

  • လက်လုပ်သေနတ်….. ၆ လက်
  • လက်လုပ်မိုင်း ……၄ လုံး
  • ဒီတိုနေတာ ……..၁ ချောင်း
  • ဝါယာကြိုး၁၀၀ ပေခန့်…… ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။