သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး PDF အလောင်းလက်နက်ရရှိ

နိုဝင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် လက်ပံကုန်းလမ်းခွဲရှိ လုံခြုံရေးနေရာသို့ နေရာ ၃ နေရာမှ PDF ၃၀ ဦးခန့်က Drone ၁ စီးဖြင့် ဗုံးသီး ၅ လုံး ဖြုတ်ချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာရန်သူ့ထံမှ

-PDF အလောင်း- ၁ လောင်း
-KA-25 -၁ လက်
-ကျည်အိမ် ၁ ခု
-ကျည် ၂၉ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။