ဧပြီလ ၁၉ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီ ၁၉ ရက် ၂၀၂၄ ခုနှစ်။ 💥💥💥💥💥💥💥

ကချင်ပြည်နယ်
ဝိုင်းမော်မြို့နယ်၊ မံဝိန်းရွာအနီးဝန်းကျင်တွင် KIA များ ဆက်ကြေးဂိတ်ဖွင့်ကောက်နေကြောင်း ဒေသခံများ၏ သတင်းပေးမှုကြောင့် သွားရောက်ရှင်းလင်းရာ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။

( ရန်သူ့တဲ ၁၀ လုံး၊ ပစ်ကျင်း ၇ ကျင်း၊ ဘန်ကာ ၄ ခု၊ ဘယ်ရီဂိတ် ၆ ခု သိမ်းဆည်းရမိ၊ မိမိထိခိုက်မှုမရှိ )

မြစ်ကြီးနားမြို့ရှိ တပ်ဌာနချုပ်တစ်ခုအား သောင်းကျန်းသူများမှ ရှော့တိုက်ဒုံး ၁ လုံးပစ်ခတ်ရာ တပ်ကို မရောက်ဘဲ လမ်းဘေးတွင်ပေါက်ကွဲခဲ့၊ နယ်မြေရှင်းလင်းရာ ရှော့တိုက်စင် ၅ ခု၊ ဒုံးသီး ၈ လုံးအား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရပါသည်။ (လူ/အဆောက်အဦ ထိခိုက်မှုမရှိ )

ရှမ်းပြည်(တောင်ပိုင်း)
ဆိုင်မြို့နယ်အတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KNDF/PNLO အကြမ်းဖက် ၈၀ ဦးတို့ ဆီဆိုင်မြို့တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

( ရန်သူ ၃ လောင်း၊ သေနတ် ၂ လက် သိမ်းဆည်းမိပြီး စစ်သည် ၁ ဦး ဒဏ်ရာရ )

မိုးဗြဲမြို့နယ်တွင် နယ်မြေရှင်းလင်းနေသော စစ်ကြောင်းနှင့် KNDF အကြမ်းဖက် ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ကာ ရန်သူဆုတ်ခွာသွားခဲ့၊ အလားတူ မိုးဗြဲမြို့ရှိ တပ်ဌာနချုပ်တစ်ခုအား KNDF အကြမ်းဖက် ၂၀၀ ကျော်ခန့်က Drone များ၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

( ရန်သူ့အလောင်း ၄ လောင်း၊ လက်နက် ၆ လက်သိမ်းဆည်းမိ၊ မှီခိုရဲမေ ၁ ဦး ဒဏ်ရာရ )

ကရင်ပြည်နယ်

ဖာပွန်မြို့နယ်ရှိ တပ်ဌာနချုပ် ၂ ခုအား KNLA တမဟ ၅ အဖွဲ့မှ အဝေးမှ Drone များဖြင့် Drop Bomb ၃ ချ ပြီးတိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း သိရသည်။ ( စစ်သည် ၁ ဦး ဒဏ်ရာရ )

ကျိုက်မရောမြို့နယ်၊ ကော့သတ်ကျေးရွာအနီး စစ်ကြောင်းများနယ်မြေရှင်းလင်းစဉ် KKO ခွဲထွက် + PDF အဖွဲနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။
( ရန်သူ့အလောင်း ၅ လောင်း၊ လက်နက် ၇ လက်သိမ်းဆည်းမိပြီး၊ မိမိထိခိုက်မှုမရှိ )