တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး၊ မီးရှူး၊ မီးဒုံးများ ရောင်းချ/ပစ်ဖောက်ပါက အရေးယူမည်

တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုဝင်ဘာလ(၂၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ် သည်။

ရန်ကုန်တိုင်းအတွင်း တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများအတွက် အစိုးရအဖွဲ့အနေဖြင့် သတိပေးနှိုးဆော်ချက်များကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။

ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်နိုင်ခြင်းကြောင့် ၎င်းပစ္စည်းများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများကိုမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။