နိုဝင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

♦ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် အရှေ့မြောက်ဘက်ရှိ PDF စခန်း ၂ ခုအား သွားရောက်ရှင်းလင်းစဉ် စခန်းအနီးသို့အရောက် PDF ၃ ဦးနှင့်တွေ့ရှိသဖြင့် ညနေ ၅ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ ပွိုင့် ၂၂ ကျည် ၂၀ တောင့် ၊ လက်လုပ်မိုင်း ၅ လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ် ၁ စီးသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် လက်ပံကုန်းလမ်းခွဲရှိ လုံခြုံရေးနေရာသို့ နေ့လည် ၃ နာရီခန့်တွင် နေရာ ၃ နေရာမှ PDF ၃၀ ဦးခန့်က Drone ၁ စီးဖြင့် ဗုံးသီး ၅ လုံး ဖြုတ်ချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၁ လောင်း၊ KA-25 ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၉ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

♦စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် လွင်ကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းသို့ နေ့လည် ၁ နာရီခန့်တွင် နေရာ ၄ နေရာမှ PDF ၂၀၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များ ထိခိုက်ကျဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အကြမ်းဖက်သမားများ၏ PDF အလောင်း ၇ လောင်း ရရှိခဲ့ကြောင်း သိရှိရ။

♦စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ရဲကင်းစခန်းသို့ PDF ၂၀ ဦးခန့်က လည်းကောင်း၊ ရွှေပြည်အေးရွာရှိ ပြည်သူ့စစ်စခန်းသို့ PDF ၁၅၀ ဦးခန့်က နေရာ ၂ နေရာမှလည်းကောင်း နေ့လည် ၁၂ နာရီခန့်တွင် တစ်ချိန်တည်းတစ်ပြိုင်နက်တည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် သနန်ကျေးရွာ၌ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား PDF ၁၀၀ ဦးခန့်က ညနေ ၄ နာရီခန့်တွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

♦ရခိုင်ပြည်နယ် ပေါက်တောမြို့ရှိ လုံခြုံရေးလုပ်ထားတဲ့ နေရာများကို AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က နံနက် ၈ နာရီ၊ နေ့လည် ၁ နာရီနဲ့ ညနေ ၄ နာရီခန့်တို့တွင် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ AA သောင်းကျန်းသူများသည် ထိခိုက်ဒဏ်ရာရသူများ၊ အလောင်းများအား ဆွဲယူပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့တွင် KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြည်နယ်မီးသတ်ရုံးသို့ နံနက် ၉ နာရီခန့်၊ ၁၁ နာရီခန့်နဲ့ နေ့လည် ၂ နာရီခန့်တို့တွင် အင်အား ၁၀၀ဦးခန့်၊ ၆၀ ဦးခန့်နှင့် ၄၀ ဦးခန့်တို့မှ စုစုပေါင်း ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

♦ကယားပြည်နယ် လွိုင်ကော်မြို့၌ KNPP/KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် နေ့လည် ၃ နာရီခန့်တွင် မြို့တွင်းရှိ တပ်မတော်မှ လုံခြုံရေးယူထားသော နေရာ များသို့ အင်အား ၁၀၀ ဦးခန့်ဖြင့်လည်းကောင်း၊ နေ့လည် ၁ နာရီခန့်တွင် လွိုင်ကော်အကျဉ်းထောင်သို့ အင်အား ၃၀ ဦးခန့်ဖြင့်လည်းကောင်း လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။