ဆောမြို့နယ် တိုက်ပွဲမှာ စစ်သား ၃၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ယာဉ်တန်းအား ဆောမြို့နယ်၊ ရင်းကဲရွာအနီး ယွန်းချောင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က Rocket များအပါအဝင် အနီးကပ်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၈ ရက်နေ့၌ ဆောမြို့နယ်၊ ရင်းကဲရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၁ ဦးသာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး PDF များရဲ့နေရာအား ရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကို ပုံကြီးချဲ့ရေးကာ စစ်သား ၃၀ ဦး ထက်မနည်းသေဆုံးတယ်ဆိုပြီး လူအထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck