လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ကားပေါ်မှ ၂ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၇ မိနစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာ၌ ကြေနီးတင်လာသော ကား ၁ စီးနှင့် ကပ်ပါလာသည့် စစ်သားများလိုက်ပါလာသော ဖောကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေနတ်ကျည်ထိမှန်ပြီး ကားပေါ်က ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၂၁ ရက်နေ့၌ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ကြေနီးတင်လာသော ကားအား PDF များက ချောင်းမြောင်းပစ်ခတ်ခြင်းသာဖြစ်ပြီး စစ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ကားပေါ်က ပြုတ်ကျသေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။