ဖာပွန်မြို့ အတွင်း တိုက်ပွဲများတွင် တပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နယ်ခြားစောင့်တပ်(BGF)တို့ အကြား တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှတပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ် Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလအတွင်း ဖာပွန်မြို့ နယ်တွင် တပ်ဖွဲ့ ဝင်များနှင့် KNLA/ PDF များ ထိတွေ့တိုက်ပွဲ(၁)ကြိမ်သာဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ ဝင် ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်ကိုအမှန်မရေးဘဲ တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားလို့ တပ်ဖွဲ့ ဝင် ၃၁ ဦးသေဆုံးတယ်ဆိုပြီး အများပြည်သူများ အထင်မှားအောင် ပုံကြီးချဲ့ကာလိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။