ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဒုရဲချုပ်နဲ့အဖွဲ့ ဗိုလ်တထောင်စေတီကို ဖူးမြော်

မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ထိုင်းဒုရဲချုပ်တို့ ဟာ ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ မှာ အွန်လိုင်းလောင်းကစား လုပ်ငန်းခွင်အတွင်း ဖမ်းမိထားတဲ့ ထိုင်းနိုင်ငံသား ၁၆၂ ယောက်ကိုပြန်လည်ခေါ်ဆောင်ဖို့ အတွက် ရန်ကုန်မြို့ မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ဘန်ကောက်ပိုစ့်သတင်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့ပါတယ်။လက်ရှိမှာတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ်အဖွဲ့ ဟာ ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီး၊ ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး၊ အစ်မတော်မြနန်းနွယ်နဲ့ ရင်ပြင်တော် တန်ဆောင်းအသီးသီးရှိ ဘုရားတွေကို လှည့်လည်ဖူးမြှော်ကြည်ညိုသွားကြတယ်လို့ သိရပါတယ်။