Mizzima ကရေးတဲ့ စစ်ထောက်ချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရဆိုသည့် သတင်းအမှား

Mizzima မှ စစ်ထောက်ချုပ်ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို ၎င်းတို့ရဲ့ လှုမှုကွန်ယက်မှာ ဖြန့်ဝေထားပါတယ်။ သူတို့ရေးတင်ထားသည့် သတင်းတွင် နေပြည်တော်မှ ထွက်ခွာလာသော တပ်မတော်အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား နေပြည်တော်-ရန်ကုန်အမြန်လမ်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ကားများအပါအဝင် ယာဉ်ဆယ်စီးခန့်ပါသော တပ်မတော်ယာဉ်တန်းကို နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံ အနီးတွင် ယနေ့ ဇူလိုင်လ ၇ ရက် နံနက် ၉နာရီ ၁၅မိနစ်က စောင့်ကြိုတိုက်ခိုက်ခြင်းဟုသိရသည်။ “တိုက်ခိုက်မှုအောင်မြင်တယ်။ စစ်ယာဉ်တန်း ထိခိုက်သွားတာလည်း ကျွန်တော်တို့အတည်ပြုနိုင်တယ်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါယာဉ်တန်းတွင် တပ်မတော်မှ စစ်ထောက်ချုပ်လိုက်ပါလာသည်ဟု သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်ဟု Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၇ ရက်နေ့၌ နေပြည်တော် – ရန်ကုန်အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံ အနီး လမ်းနေရာတွင် မိုင်း ၃ လုံးပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းရာ PDF များ အများပြည်သူသွား ကားလမ်းဘေးတွင် ထောင်ထားသော မိုင်းများကိုလည်း တူးဖော်ရရှိခဲ့ကြောင်း၊ မိုင်း ၃ လုံးပေါက်ကွဲမှုတွင် ထိခိုက်မှုမရှိခဲ့ကြောင်းနှင့် တပ်ယာဉ်တန်း တိုက်ခိုက်ခံရခြင်းလည်းမဟုတ်ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေ အများပြည်သူသွားကားလမ်းမကြီးတွင် မဆင်မခြင် မိုင်းထောင်ဖောက်ခွဲခြင်းအား Mizzima မှ အမှန်မရေးသားဘဲ တပ်မတော်မှ စစ်ထောက်ချုပ်ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုပြီး PDF တွေ အလှူခံတောင်းစားလို့ကောင်းအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။