ဗုဒ္ဓဂယာ စင်းလုံးငှား လေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်

ပြီးခဲ့သည့် မတ်လမှစတင်ကာ ပျံသန်းမှုယာယီရပ်နားခဲ့သည့် ဗုဒ္ဓဂယာ စင်းလုံးငှားလေယာဉ်ခရီးစဉ်များကို လာမည့် စက်တင်ဘာလတွင် စတင်ပျံသန်းရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) မှ သိရပြီး လာမည့် ပွင်းလင်းရာသီတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ် သွားရောက်လိုသူများအတွက် ရန်ကုန် – ဂယာ – ရန်ကုန် စင်းလုံးငှား လေယာဉ်ခရီးစဉ်ကို လာမည့် စက်တင်ဘာလမှစ၍ အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် စနေနေ့များတွင် ပျံသန်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။