သောက်တော်ရေ အစွမ်းအံ့မခန်း

သောက်တော်ရေ ကပ်ပြီးတဲ့အခါ ဘေစင်ထဲ ဖြစ်ဖြစ် အိမ်ရှေ့တံစက်မြိတ်ကို ဖြစ်ဖြစ် ဗြန်းကနဲ သွန်ချလိုက်ပါတယ်။ အဲဒီလို မလုပ်ပါနဲ့၊ စွန့်ပြီး သောက်ကောင်းပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကို ရိုရိုသေသေနဲ့ ကြည်လင်သန့်ရှင်းသော သောက်တော်ရေ တစ်ခွက်၊ နှစ်ခွက်၊ သုံးခွက် ကိုယ်အဆင်ပြေသလို ကပ်နိုင်ပါတယ်။
ဂုဏ်တော်ပွားပါ။ ပရိတ်ပဋ္ဌာန်း ပူဇော်ပါ။
ဘုရားရှင် ဘုဉ်းပေးပြီးလောက်သည့်အချိန်ကို မှန်းဆ၍ ပြန်စွန့်ပြီး တခြားခွက်ထဲလှယ်ပြီးသောက်ပါ။
( ဒါမှမဟုတ် ) ရေသန့်ဗူးကြီးထဲ၊ ရေအိုးထဲ ပြန်ထည့်၍ သောက်ပါ။
ရရှိမည့် အကျိုးတရားများကတော့ မှတ်ဉာဏ်အလွန်ကောင်းပါတယ်၊ ရူးနှမ်းပေါသွပ် မဖြစ်ပါဘူး။
သောက်တော်ရေအစွမ်းကြောင့် အနာနဲ့ဆေးတွေ့ပြီး ရောဂါမှန်သမျှ ကင်းရှင်းပါတယ်၊ သေသည်အထိ သတိကောင်းပါတယ်၊ အသားအေရ ဝါဝင်းစိုပြေပါတယ်။
ဝိပဿနာအားထုတ်ရင်လည်း လျှင်လျှင်မြန်မြန် ရရှိနိုင်ပါတယ်။

Credit ရွှေနံ့သာဓမ္မရိပ်သာဆရာတော်