လူ/ကယ်/ပြန်မှ ထောက်ပံ့ပစ္စည်းများ ရခိုင်ပြည်နယ်သို့ရောက်ရှိ

ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများကို လူ/ကယ်/ပြန်မှ ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်ထားသည့် ၁၂ ဘီး မော်တော်ယာဉ်များ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်တယ်လို သိရပါတယ်။
သဘာဝဘေးခံစားခဲ့ရသည့် ပြည်သူလူထု အတွက် ပုဆိုး၊ ထမီစတဲ့ လူသုံးကုန်ပစ္စည်း များပါဝင်ပြီး မြိုနယ်အလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရပါတယ်။