မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်

🌷စိတ်လှမှ ဘ၀လှပါတယ်🌷

ရုပ်ရဲ့အလှဟာ
ပိုက်ဆံရှိရင် လိုသလိုပြင်ရပေမယ့်

စိတ်အလှကတော့
တရားအသိဥာဏ်ရှိမှပြင်လို့ရပါတယ် ။

စိတ်ထားကောင်းပြီးတော့
တရားအသိဥာဏ် ရှိတဲ့သူဟာ
ဘ၀ကို လိုသလိုအလှဖော်နိုင်ပါတယ် ။

ရုပ်ရဲ့သဘောဟာ
ပြင်နေရင်းကိုပဲ ယိုယွင်းနေပါတယ် ။

နောက်ကျရင် ပျက်စီးရပြီးတော့
အသုံးမကျတော့တဲ့
အပုတ်ဘ၀ကိုရောက်သွားရပါတယ် ။

ရုပ်ရဲ့အနေထားကို
သန့်ရှင်း ကြည့်ကောင်းရုံပဲထားပါ ။

စိတ်ရဲ့အနေထားကတော့
အမြဲတမ်း သန့်ရှင်းနေအောင်ထားပါ ။

သန့်ရှင်းတဲ့စိတ်ဟာ
နိဗ္ဗာန်ချမ်းသာအထိပို့ပေးနိုင်တဲ့အတွက်

နှိမ်နင်းဖို့ခက်ခဲတဲ့ စိတ်ကိုပဲ
လှအောင် ပြင်ကြဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏