အလယ်တန်းပြ ဆရာမတစ်ဦးအား PDF များမှ ရက်ရက်စက်စက်သတ်ဖြတ်

ဒီဇင်ဘာလ ၂၃ရက်နေ့ ၃နာရီ၁၅မိနစ် အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုနယ်၊ ဒီးဒုတ်ခင်ကျေးရွာနေ
ဒေါ်ပပဝင်း၊ ၅၃ နှစ်၊ ဗမာ/ဗုဒ္ဓ၊ အလယ်တန်းပြသည် ခင်ပွန်းဖြစ်သူ ဦးဇော်လင်း နှင့်အတူ နေအိမ်၌ ရှိနေစဉ် ၏
အကြမ်းဖက်သမား ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့်ရောက်လာပြီး “ဒါဆရာမအိမ်လား၊ ဆရာမနာမည်ဘယ် သူလဲ”ဟု
မေးမြန်းကာ ဒေါ်ပပဝင်း၏ခင်ပွန်းထံမှ လက်ကိုင် ဖုန်း ၃ လုံးအား သိမ်းဆည်းယူဆောင်သွားခဲ့ပြီး ဒေါ်ပပဝင်း အား
နေအိမ်ရှေ့တွင် ဒူးထောက်ထိုင်စေပြီး သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ဒေါ်ပပဝင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ
၁ ချက်ဖြင့် နေရာတွင် သေဆုံးသွားခဲ့ပြီး၊ နေအိမ်အနောက်ဘက်တွင်ရောက်ရှိနေသော ဒေါ်ပပဝင်း၏ခင်ပွန်းအား
ထပ်မံပစ်ခတ်ရာ ဦးဇော်လင်းတွင် ယာနားရွက်နောက် ကျည်ရှပ်မှန်ဒဏ်ရာ ၁ ချက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။