(၄)ကြိမ်မြောက် နိုင်ငံတကာအထည်ချုပ်ပြပွဲ၌ မြန်မာအထည်ချုပ်လုပ်ငန်းရှင် ၂၀ တို့က ပြခန်း ၅ ခန်း ပါဝင်ပြသမည်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ လာမည့် ဇူလိုင် (၃) ရက်မှ (၅) ရက်ထိ ၃ ရက်ကြာ ကျင်းပမည့် (၄)ကြိမ်မြောက် နိုင်ငံတကာ အထည်ချုပ်ပြပွဲ၌ မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင်အသင်းနှင့်အထည်ချုပ်လုပ်ငန်းရှင် (၂၀) ဦးတို့က ပြခန်း ၅ ခန်း ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါ နိုင်ငံတကာ အထည်ချုပ်ပြပွဲတွင် ပုံမှန်မဟုတ်သည့် ချုပ်ထည်ဒီဇိုင်းများ၊ ခက်ခဲသည့် ချုပ်ထည်ဒီဇိုင်းများကို သေသပ်လှပ ကျွမ်းကျင်စွာ ချုပ်လုပ်နိုင်ကြောင်း ပြသည့်အနေဖြင့် ကိုယ်ပိုင်ဒီဇိုင်းဖြင့် ချုပ်လုပ်ထားသည့် အထည်များကို နိုင်ငံတကာ အထည်လုပ်ငန်းရှင်များသို့ ပြသသွားမည်ဟုဆိုသည်။

လက်ရှိတွင် အထည်ချုပ်လုပ်ငန်းများကို မြန်မာနိုင်ငံအတွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများ၌ တရုတ်နိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသလို တရုတ်(တိုင်ပေ)၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့ကလည်း ရင်းနှီးမြှုပ်နှံဆောင်ရွက်လျှက်ရှိ​ကာ ချုပ်ပြီးအထည်များကို ထိုင်း၊ တရုတ်၊ စင်ကာပူနှင့် ဥရောပနိုင်ငံတို့သို့ တင်ပို့လျှက်ရှိကြောင်း သိရသည်။

mhtnews