လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်လို့ Ayeyarwaddy Times မှ သတင်းအမှားရေး

ဇွန်လ ၈ ရက်၊ ၁၃ ရက်တို့တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး PDF ပူးပေါင်းတပ်နှင့် တပ်မတော်စစ်ကြောင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး လုံခြုံရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း Ayeyarwaddy Times မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇွန်လ ၈ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲ ၁ ကြိမ်သာဖြစ်ပွားခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြာင်း ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရပါတယ်။ Ayeyarwaddy Times မှ ဖြစ်စဉ်အမှန်မရေးဘဲ လူကြားကောင်းအောင် လိုင်းပေါ်တွင် စစ်သား ၁၅ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်း ဖြစ်ပါတယ်။

Misinformation

FACT-CHECK

https://t.me/factcheckmm