တပ်မတော်က ဓာတုဗုံးအသုံးပြုပြီး ကနီမြိုကိုတိုက်ခိုက်ကြောင်း သတင်းတုများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြိုကို မတ်လ ၅ ရက်နေ့က တပ်မတော်မှ ဓာတုဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူများအထင် အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ကနီမြိုကို တပ်မတော်မှ ဓာတုဗုံးအသုံးပြု၍ တိုက်ခိုက် ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခင်တိုက်ပွဲများတွင်လည်း ၎င်းတိုထိခိုက်သေဆုံး မှုများပြားသည့်အချိန်များတွင် ထိုကဲ့သို တရားမဝင်ပြည်ဖျက်မီဒီယာများမှတဆင့် ဓာတုဗုံးများနှင့် အဆိပ်ငွေ့ဗုံးများကို တပ်မတော်မှ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့်  လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။