မီးသွေးကုန်းကျေးရွာတိုက်ပွဲနှင့်ပက်သက်ပြီး Khit Thit ကရေးတဲ့ သတင်းအမှား

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာ အကြားမီးသွေးကုန်း ဝန်းကျင်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်တပ်၏ စကခ ၁၃ (ဘုတ်ပြင်း) လက်အောက်ခံရှိ တပ်မ ၂၂၊ ခမရ ၂၀၉၊ ခမရ ၂၁၀ တပ်ရင်းများနှင့် ဒေကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦးထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ခရီးသွားပြည်သူ ကား ၁ စီးကိုဖမ်းဆီးကာ ပြည်သူအမျိုးသား ၂ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ငြိမ်းချမ်းမြိုင်ဘုရားကုန်းမှနေ၍ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာ အကြားမီးသွေးကုန်း ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ခရီးသွားပြည်သူကားကို ဖမ်းဆီးပြီး အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ သတင်းအမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၆ ဦးဒဏ်ရာရတယ်၊ ခရီးသွားပြည်သူကားကိုဖမ်းပြီး ပြည်သူအမျိုးသား ၂ ဦးကိုပစ်သတ်တယ်၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးခဲ့တယ်လို့ စိတ်ကူးပုံဖော်ကာ တမင်အပုတ်ချ ရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK