မောချောင်းရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေတယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာအကြား စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မင်းဘူးခရိုင် တပ်ရင်း ၆ မှ ရဲဘော် ၁ ဦး ၊ CDF မှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၄ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် CDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ လူအထင်ကြီးအောင် PDF ဂုဏ်ဖော်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေတယ်လို့ သတင်းအမြတ်ထုတ်ကာ လုပ်ကြံရေးသားထားခြင်းဖြစ်ပါသည်။

Disinformation

FACT-CHECK